နင့်အတွက်က ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု
အမှားတစ်ခုကိုပြုပြီးမှနောင်တမရချင်ပါနဲ့
နောက်ထပ်မမှားအောင်တော့ဂရုစိုက်
ငါ့အတွက်တော့မဟုတ်ဘူး
နင်ပေးခဲ့ဖူးတဲ့အမှိုက်တစ်ခုကို
ယုယစွာသိမ်းခဲ့ဖူးပေမယ့်
အမှိုက်ကအမှိုက်ပဲ ဘယ်လိုလုပ်တန်ဖိုးတက်လာနိုင်မှာလည်း
နင်ပြုစားချင်တိုင်း လက်ခံပေးနိုင်တဲ့
ကောင်တွေထဲမှာ ငါမပါဘူး
ခံစားချက်မပါတဲ့သီချင်းတစ်ပုဒ်ကို
သံစဉ်ထပ်မရောချင်ပါနဲ့
ပြီးဆုံးသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ကို
နောက်ဆုပ်ပြီးမကြည့်ချင်ပါနဲ့တော့
လက်ကျန်အချိန်နဲ့ မနက်ဖြန်တွေတိုင်း
နင့်အတွက်ငါမဟုတ်တော့သလို
ငါ့အတွက်လည်းနင်မဖြစ်နိုင်တော့ဘူး
အဆု့းသတ်မရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
ဆုံးမှတ်ရောက်ခဲ့ရင်လည်း
နင်နဲ့ငါ့အတွက်တော့ဆုံမှတ်မဖြစ်နိုင်တော့ပါဘူး
တဒင်္ဂပျော်ရွင်ခဲ့ရပေမဲ့
စိတ်ကူးနဲ့လက်တွေ့ထပ်တူမကျတော့
နောက်ထပ်ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့ပါဘူး
မေ့နိုင်ဖို့ရာနင်ကြိုးစားပါ
မနက်ဖြန်တွေတိုင်းက ငါ့အတွက်တော့
ပျော်စရာတွေနေမှာပါ.......
No comments:
Post a Comment