Tuesday, July 23, 2013

မင်းနှုတ်ကထွက်လာတဲ့စကား
သက်ဆုံးတိုင်ချစ်နေမယ်ဆိုတာကို
ယုံမှားသံသယ၀င်နေတာမဟုတ်ပါဘူး
ယုံသလားလို့ငါထပ်မေးလိုက်မယ်
မင်းချစ်တဲ့အချစ်ထက် နှစ်ဆလောက်
ငါမင်းကိုပိုချစ်တယ်ဆိုတာ
ဒီဘ၀မဟုတ်ဘူး နောက်ဘ၀ဆက်ထိချစ်နေမယ်
အတွေးများစရာတွေကို
ငါ့ခေါင်းထဲမင်းအခါခါရိုက်သွင်း
အလွမ်းတွေကို ယူဆောင်လာမယ်ထင်မထားခဲ့မိ
အချစ်ဆိုတာကို မခံစားဖူးတော့လည်း
အရူးတစ်ယောက်လိုပေါ့

No comments:

Post a Comment