Wednesday, January 2, 2013

မျှော်နေဆဲ

ဒီအချိန်မှာငါပျော်ရွှင်နေမယ်လို
မင်းထင်နေမလား
ငါမင်းနဲ့အဝေးရောက်နေတဲ့
အချိန်ကစပြီး
နေ့တိုင်းဝမ်းနည်းမှုတွေနဲ့ပါ
မင်းပေးလာမယ့်ပျော်ရွှင်မှုမျိုးကို
ဒီနေ့ထိငါစောင့်မျှော်နေဆဲပါ
နေ့တိုင်းကြုံတွေ့နေရတဲ့
လွမ်းဆွတ်မှုတွေကို
တစ်ယောက်တည်း ခံစားရင်
မင်းကိုမျှော်နေမိတာ ယနေ့ထိပါပဲ
ဘယ်အချိန်မှန်းမသိ ဘယ်တော့မှန်းမသိပေမယ့်
မျှော်လင့်နေမိတယ်............။
မင်းဆီကအချစ်တစ်ခုကိုပေါ့..............။

No comments:

Post a Comment