Wednesday, January 2, 2013

မမေ့နိုင်ဘူး

မေ့ပစ်ရမယ်တဲ့လား
မတွေ့ရရင်မနေတတ်တဲ့
ငါ့ရဲ့စိတ်ကိုသိရဲ့နဲ့တောင်
မေ့ပစ်ဖို့မင်းမို့ပြောရက်တယ်
ငါ့ရင်ထဲမှာ မင်းလေးတစ်ယောက်ကို
ဘယ်တော့မှမမေ့ဘူး
စိတ်ကူထဲမှာ မေ့ဖူးခဲ့တယ်ဆိုရင်တောင်
တစ်ယောက်ထဲ ကျိတ်မှိတ်ဝမ်းနည်းနေလိုက်မယ်
မင်းကိုတော့ပြောမပြဘူး......
အရှုးတစ်ယောက်လို့ပြောမယ်ဆိုရင်လည်း
မင်းဘာပြောပြောတကယ်အချစ်ရူးရူးနေသူမို့
မငြင်းဆန်နိုင်ခဲ့ဘူး........
မထူးတော့ပါဘူး
တစ်ခုတော့ပြောပါရစေ
မင်းကိုအရမ်းချစ်နေမိပြီ တကယ်ယုံပါ............။

No comments:

Post a Comment