Monday, January 7, 2013

ငါသိပါတယ်မင်းထားခဲ့မယ်ဆိုတာကို
ငါသိပါတယ်မင်းကြောင့်ငါ့အသည်းကွဲမယ်ဆိုတာ
ငါသိပါတယ်အချိန်တိုင်းမင်းကိုလွမ်းရမယ်ဆိုတာကို
ဒါပေမယ့် မင်းထားခဲ့ရင်ပဲဖြစ်ဖြစ်
ငါ့အသည်းကိုခွဲမယ်ဆိုလည်းရပါတယ်
မင်းအတွက်ဆိုဘယ်အရာမဆိုပေးဆပ်ဖို့အသင့်ပါ
ငါ့အသည်းကိုခွဲရမှမင်းပျော်မယ်ဆိုလည်း
ထပ်ခါထပ်ခါကွဲပါစေ ငါခံနိုင်ရည်ရှိပါတယ်
ဒါပေမယ့် နောက်ဆုံးနောက်ဆုံးမင်းလှည့်စားလို့ဝပြီဆိုရင်တော့
ငါ့ရင်ခွင်ထဲကိုပြန်လာပေးပါလားချစ်သူရယ်

No comments:

Post a Comment