အမှောင်အတိနဲ့လမိုက်ည
အလင်းမရှိတော့တဲ့အခန်းထဲ
ခုတော့ငါတစ်ယောက်တည်းပေါ့
ပိုးစုန်းကြူးငယ်လေးတွေကတောင်
လှောင်ရယ်ကုန်ကြပြီ
အလွမ်းတွေက အသက်ဝင်နိုးထ
ဖေးမပေးမယ့် ချစ်သူ
မင်းကလည်းအနားမှာမရှိ
ဒီည ကိုငါတစ်ယောက်တည်း
ဘယ်လိုဖြတ်သန်းနိုင်မှာလည်း
မင်းတွေးကြည့်စမ်းပါ
အဝေးရောက်ချစ်သူ........
No comments:
Post a Comment