Monday, January 7, 2013

ကျေးဇူးပြုပြီးစကားကိုတိုးတိုးပြောပေးပါလား
ကျွန်တော်နှလုံးသားနာရေးကို
ရင်ခွင်တံခါးပိတ်ပြီးတစ်ယောက်တည်း
တိတ်တဆိတ်ကျင်းပနေလို့ပါ
ဝေခွဲရခက်နေတဲ့နှလုံးသားလေး
သေပွဲဝင်ခဲ့ရပုံကမထူးဆန်းပါဘူး
ဒဏ်ရာအပြည့်နဲ့
သေလားရှင်လားဆိုတာလှည့်မကြည့်ပဲ
သူထားသွားခဲ့လို့ပေါ့ ခုတော့
ကျွန်တော်နှလုံးသားလေးသေပွဲဝင်ခဲ့ရပါပြီ
သူလည်းကျေနပ်လောက်ပါတယ်

No comments:

Post a Comment