Monday, January 7, 2013

မင်းမရှိတဲ့နောက်
ခါးသီးတဲ့ဘ၀ပင်လယ်ကို
ငါတစ်ယောက်ထဲ
ဖြတ်ကျော်နိုင်လိမ့်မယ်လို့
မင်းထင်လား ငါ့အသည်းကအဲလောက်မမာဘူး
ခက်ထန်မာကျောတဲ့ကျောက်တွေတောင်
လေတိုက်ပါများရင်တုန်လှုပ်သေးတာပဲ
ငါကလူသားတစ်ယောက်ပါ
ချစ်တတ်တယ် လွမ်းတတ်တယ်
ချစ်တတ်တဲ့လူတစ်ယောက်အတွက်
အလွမ်းတွေကို ခံစားရတာမဆန်းပါဘူး
ဒီအလွမ်းတွေနဲ့ပဲ ပျော်ရွှင်မှုကိုရဖို့ ဖန်တီးနေတာပါ
ခိုင်မာတဲ့သံယောဇဉ် သေချာတဲ့အချစ်စစ်နဲ့ချစ်ခဲ့မိတော့
အလွယ်တကူလည်းမေ့ပျောက်လို့မရသလိ
မုန်းဖို့လည်းမဖြစ်နိုင်ပါဘူး
ချစ်ခဲ့မိတာ မုန်းမေ့ဖို့မှမဟုတ်တာ
မင်းအတွက်ငါဟာ အချစ်ဦးမဖြစ်ခဲ့ရင်တောင်
အချစ်ဆုံးတော့ ဖြစ်ခွင့်ပြုပါလား ချစ်ရသူရယ်

No comments:

Post a Comment