Thursday, July 25, 2013

နင့်အတွက်က ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု 
အမှားတစ်ခုကိုပြုပြီးမှနောင်တမရချင်ပါနဲ့ 
နောက်ထပ်မမှားအောင်တော့ဂရုစိုက်
ငါ့အတွက်တော့မဟုတ်ဘူး 
နင်ပေးခဲ့ဖူးတဲ့အမှိုက်တစ်ခုကို 
ယုယစွာသိမ်းခဲ့ဖူးပေမယ့်
အမှိုက်ကအမှိုက်ပဲ ဘယ်လိုလုပ်တန်ဖိုးတက်လာနိုင်မှာလည်း 
နင်ပြုစားချင်တိုင်း လက်ခံပေးနိုင်တဲ့
ကောင်တွေထဲမှာ ငါမပါဘူး 
ခံစားချက်မပါတဲ့သီချင်းတစ်ပုဒ်ကို
သံစဉ်ထပ်မရောချင်ပါနဲ့
ပြီးဆုံးသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ကို
နောက်ဆုပ်ပြီးမကြည့်ချင်ပါနဲ့တော့
လက်ကျန်အချိန်နဲ့ မနက်ဖြန်တွေတိုင်း
နင့်အတွက်ငါမဟုတ်တော့သလို
ငါ့အတွက်လည်းနင်မဖြစ်နိုင်တော့ဘူး 
အဆု့းသတ်မရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
ဆုံးမှတ်ရောက်ခဲ့ရင်လည်း
နင်နဲ့ငါ့အတွက်တော့ဆုံမှတ်မဖြစ်နိုင်တော့ပါဘူး
တဒင်္ဂပျော်ရွင်ခဲ့ရပေမဲ့
စိတ်ကူးနဲ့လက်တွေ့ထပ်တူမကျတော့
နောက်ထပ်ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့ပါဘူး 
မေ့နိုင်ဖို့ရာနင်ကြိုးစားပါ
မနက်ဖြန်တွေတိုင်းက ငါ့အတွက်တော့
ပျော်စရာတွေနေမှာပါ.......

Tuesday, July 23, 2013

မင်းနှုတ်ကထွက်လာတဲ့စကား
သက်ဆုံးတိုင်ချစ်နေမယ်ဆိုတာကို
ယုံမှားသံသယ၀င်နေတာမဟုတ်ပါဘူး
ယုံသလားလို့ငါထပ်မေးလိုက်မယ်
မင်းချစ်တဲ့အချစ်ထက် နှစ်ဆလောက်
ငါမင်းကိုပိုချစ်တယ်ဆိုတာ
ဒီဘ၀မဟုတ်ဘူး နောက်ဘ၀ဆက်ထိချစ်နေမယ်
အတွေးများစရာတွေကို
ငါ့ခေါင်းထဲမင်းအခါခါရိုက်သွင်း
အလွမ်းတွေကို ယူဆောင်လာမယ်ထင်မထားခဲ့မိ
အချစ်ဆိုတာကို မခံစားဖူးတော့လည်း
အရူးတစ်ယောက်လိုပေါ့

Saturday, July 13, 2013

အဝေးတစ်နေရာက ချစ်သူကိုမှ
ရူးရူးမှုးမှုးချစ်မိတော့လည်း

အလွမ်းရဲ့ဒဏ်ကိုခံစားနေရတာ
မဆန်းတော့ပါဘူး

အချစ်ဆိုတာ ငါ့အတွက်
ရယူခြင်းမှမဟုတ်တာပဲ

မှိုင်ထောင်ချီဝေးနေလည်း
အတွေးကမ္ဘာထဲမှာမင်းအမြဲရှိတော့
ဝေးကွာနေတဲ့ခရီးမှိုင်တွေကိုလည်း
အပြစ်မတင်ချင်တော့ပါဘူး

ဘ၀နှစ်ခုပေါင်းစပ်ဖို့
တစ်နေရာစီမှာ
ကြိုးစားရင်းပေါ့

တစ်နေ့တော့ချစ်သူနှစ်ဦး
အချစ်စစ်တွေနဲ့ပျော်ရွင်တဲ့ဘ၀ကိ
သက်ဆုံးတိုင်ဖြတ်သန်းနိုင်မယ်လို့
ငါယုံကြည်ထားတယ်ချစ်သူ
ဘယ်စီမှာလည်း မိုးစက်လေးရယ်
ပြာလဲ့လဲ့ကောင်းကင်ကြီးကိုပဲအမြဲတွေ့နေရတယ်

ဘယ်စီမှာလည်း မိုးစက်လေးရယ်
ပင်လယ်ပြင်ကြီးလည်းအထီးကျန်နေပြ

ဘယ်စီမှာလည်းမိုးစက်လေးရယ်
တောင်တန်းကြီးလည်းအရင်လိုမစိမ်းလန်းတော့ဘူး

ဘယ်စီမှာလည်းမိုးစက်လေးရယ်
လေပြေလေးတွေကလဲအရမ်းကိုပူလောင်နေပြီ

ဘယ်စီမှာလည်းမိုးစက်လေးရယ်
ငှက်ကလေးတွေတောင်အလွမ်းတေးဆိုတတ်နေပြီ....
အချစ်ရဲ့တန်ဖိုးကို မသိတဲ့မင်းက
ကြွေကျနေတဲ့သစ်ရွက်ခြောက်ကို
ရေလောင်းပေါင်းသင်ပြီး အပင်သစ်ဖြစ်ဖို့
ကြိုးစားနေသလိုပဲ
နားလည်မှုမရှိတဲ့အချစ်က
ပြိုကျဆဲဆဲ ကမ်းပါးထက်မှာ
မျက်မမြင်တစ်ယောက်ကို
လမ်းလျှောက်ခိုင်းသလိုပါပဲ
အချစ်စစ်ရဲ့ ပျော်ရွင်ခြင်းကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
ခါးသက်သက်ပျားရည်စက်ကိုလည်း
အရသာခံနိုင်ရမှာပေါ့.....
နှုတ်ကထွက်လာမယ့်
ချစ်တယ်ဆိုတဲ့စကားကို
ကြားချင်တာထက်

နှလုံးသားက ပြောတဲ့
ချစ်တယ်ဆိုတဲ့စကား
ကြားနိုင်မယ်ဆိုရင်ပေါ့

ရင်ခုန်သံဆိုတာ
ဘယ်လိုမှဖုံးကွယ်လို့မရတဲ့
အချစ်ရဲ့ထွက်ပေါက်တစ်ခုပါ

Tuesday, February 12, 2013

ချစ်သူ......
မလွယ်တာကို လွယ်အောင်လုပ်တာထက်
လွယ်တာကို ခက်အောင်လုပ်တာကပိုပင်ပန်းတယ်
ချစ်သူ......
ချစ်တာကို မသိတာထက်
သိလျှက်နဲ့ ချစ်ရဲ့လားလို့ မင်းမို့မေးရက်တယ်
ချစ်သူ.....
ငါ့ဘ၀ဟာမင်းပဲလို့ ပြေခဲ့ပေမယ့်
မင်းဘ၀က ငါ့အတွက်မဟုတ်ဘူးလားလို့မေးချင်တယ်
ချစ်သူ......
ငါ့ဘက်က နီးစပ်ဖို့ရာကြိုးစားခဲ့ပေမယ့်
မင်းဘက်က ဝေးဖို့ရာ ကြိုးစားနေတာလား