Wednesday, January 2, 2013



ကောင်မလေးရယ်....
ငါ့ရဲ့ မလိမ်မိုး မလိမ္မာ အိပ်မက်တွေက
မင်း ရဲပုံရိပ်တွေ ကိုပဲ ထည့်ထည့်မက်နေခဲ့တယ်.......။
တို့တွေ ဆုံဆည်းခွင့်ရခဲ့တဲ့
အချိန်ခဏလေးဟာ
တကယ်တော့........ဘာမှမဟုတ်ပေဘူး.....။
ဒါပေမယ့်.....
အဲဒီ`ဘာမှမဟုတ်ဘူး´ ကိုပဲ
ငါသေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ....မကြာ....စိတ်ကူးရင်မိခဲ့တယ်
ကောင်မလေးရယ်
မင်းကို ငါက `အိပ်မက်နတ်သမီးလေး´ လို့သဘောထားခဲ့တာပါ.......။

No comments:

Post a Comment