ပြုစားထားတဲ့လူတစ်ယောက်လို
လိမ်ညာပြီလည်းစကားမဆိုရဲပါဘူး
ချစ်လာလို့မေးတိုင်း မချစ်ဘူးလို့အမြဲပြောတတ်တဲ့
မင်းကိုမှ ငါကတစ်ဖက်သတ်ချစ်နေမိခဲ့သူပါ
ယူသွားပါငါ့အသည်း ထပ်ခါကွဲပါစေ
မျက်နှာလွှဲပြီးမနေတတ်တော့ ကွဲချင်ကွဲသွားပါစေ
အမြဲငါမင်းကိုချစ်နေမှာပါ
မင်းဘယ်လောက်ပဲ ရည်စားတွေနဲ့တွဲတွဲ
နားလည်ခွင့်လွတ်မှုနဲ့ အနားမှာအမြဲရှိနေသူပါ
တစ်နေ့မှာ မင်းအသည်းကွဲရင်
မမေးပါနဲ့ မင်းရဲ့အနီးဆုံးက ငါ့ကို
မင်းဘာပဲဖြစ်နေဖြစ်နေ
ချစ်မှာပါပဲမင်းတစ်ယောက်တည်းကို
No comments:
Post a Comment