Wednesday, January 2, 2013

ကဗျာတစ်ပုဒ်စာတစ်အုပ်က
ငါ့ရဲ့အလွမ်းကိုမပျောက်စေနိုင်ပေမယ့်
ငါ့ရဲ့သတိရခြင်းတွေကိုတော့ နှစ်သိမ့်ပေးနိုင်တယ်
ငါ့ရဲ့ အဖော်မဲ့ခြင်းတွေကို မျှဝေခံစားပေးတယ်
ငါ့ရဲ့အချစ်တွေကို မင်းလေးသိအောင်ပြောပေးနိုင်တယ်
ဒါပေမယ့် မင်းဘယ်ဆီမှာလည်း ဘယ်နေရာမှာလည်း
ငါမသိရပါဘူး တွေ့ချင်ပါတယ် ချစ်ရသူရယ်
အနေဝေးခဲ့တာပါ အဝေးမှာနေချင်လို့တော့မဟုတ်ဘူး
ခဏတာဝေးခဲ့ရပေးမယ့်
ငါ့ရင်မှာ တစ်သက်စာလွမ်းခဲ့ရပြီပေါ့
ပြန်ဆုံနိုင်ဖို့ ဆုတောင်းရင်းအဖော်မဲ့နေတဲ့ရင်ခွင်ကို
ဘယ်သူမှမမြင်အောင် ဖုံးကွယ်ထားလိုက်မယ်
မင်းကို မတွေ့ရခင်အချိန်ထိ ပေါ့

No comments:

Post a Comment