မင်းနဲ့ငါ့ကြားမှာ တစ်ခုခု ကာရံထားသလိုပဲ
စကားသံတွေလည်းသိပ်ဆိတ်နေတယ်
အရင်ကလိုနေ့ရက်မျိုးပြန်ရမယ်ဆို
အရင်တိုင်းစကားတွေပြောချင်တယ်
အရင်တိုင်း နွေးထွေးခွင့်ပြန်ရချင်တယ်
အရင်တိုင်း ချစ်နေခွင့်ပြန်လိုချင်တယ်
အရင်တိုင်းပဲ မင်းကိုချစ်နေဆဲဆိုတာကို
မင်းလေးယုံကြည်ပေးနိုင်မလား
ငါ့ရင်မှာ မင်းမရှိတော့ အရမ်းကိုပူလောင်စွာခံစားနေရပါပြ
မင်းထားသွားရက်တဲ့သူ မင်းထားခဲ့ဖူးတဲ့သူတွေလောက်
ငါ့အသည်းကမမာပါဘူး တစ်ယောက်တည်းကို စွဲစွဲလန်းလန်းချစ်ခဲ့မိတာမို့
အသည်းပေါက်မတတ်ခံစားနေရတယ်
No comments:
Post a Comment