Wednesday, January 2, 2013

ထင်မှတ်မထားဘူး မင်းခွဲခွာသွားလိမ့်မယ်လို့
ခဏတာတွေ့ခွင့်ရခဲ့ပေမယ့်
တစ်သက်စာဝေးခဲ့ရပြီ
ထပ်ခါတွေ့ခွင့်ရမယ်ဆို
နောက်တစ်ခါခွဲမသွားပါနဲ့လို့
သံယောဇဉ်ကြီးမိသူအဖို့တော့
လွမ်းစရာတွေကြီးပါပဲ
နောက်တစ်ခါလွမ်းရရင်ဖြင့်
အသည်းပါကွဲရတော့မယ်
ထပ်ခါလည်းပြောချင်မိပါရဲ့
တစ်သက်မှာတစ်ယောက်တည်း
ချစ်ခဲ့မိတာမို့ အသည်းမှာစွဲနေမိတာကိုတော့
မေ့ကာထားရတော့မယ်တဲ့လား
အသည်းမာတဲ့သူဖြစ်ခဲ့ရင်တော့
မခက်ပါဘူး
အသည်းမမာနိုင်တဲ့ ငါ့အတွက်
မမေ့နိုင်ဘူးဆိုတာကိုတော့
မင်းသိအောင်ပြောရတော့မှာပေါ့
ချစ်ခဲ့မိတာက မုန်းမေ့ဖို့မှမဟုတ်ခဲ့တာ
ဝေးကွာနေတဲ့အချိန် အခိုက်တန့်လေးမှာ
မင်းနောက်တစ်ယောက်ကိုချစ်မိသွားခဲ့ရင်ဖြင့်
တစ်ဘ၀စာခွဲရတယ်လို့သဘောထားလိုက်မယ်
နောက်တစ်ယောက်ကိုတော့မင်းလိုပြောင်းမချစ်နိုင်ပါဘူး
ငါ့အသည်းကိုမင်းတစ်ယောက်တည်းအတွက်
သော့ခတ်ကာသိမ်းထားလိုက်မယ်
မင်းကလွဲပြီးသိနိုင်မယ့်သူမရှိပါဘူး
အဝေးတစ်နေရာကမင်းလေးသိနိုင်ပါစေ

No comments:

Post a Comment